Tuesday, July 22, 2008

Poem - A day of my nyi ma lay

လောက အလှမှာ အရွေးခံရတဲ့ ကဗျာလေးပါဗျာ။

ညီမလေးရဲ့  တစ်နေ့တာ

လင်းကြက်တွန်လို
ငှက်တေးသီ
အာရုံတက်လာပြီ။

အိပ်ရာထစို့ 
ညီမလေးရယ်
မျက်နာသစ်ကြမယ်။

သွားတိုက်ပြီးရင်
ခေါင်းဖြီးလို့ 
ပါးကွက်ဝိုင်းနဲ့ ပေါ့။

သောက်တော်ရေလေး
ကပ်ကြမယ်
ဘုရားရှိခိုးကွယ်။

မေမေပြန်အလာ
မျှော်ကြစို့ 
ဈေးက မုန့် ကိုဗျို့ ။

ရေချိုးပြီးရင်
လွယ်အိပ်လွယ်
ကျောင်းကို သွားကြမယ်။

ဆရာမတွေ
စာသင်ပေး
ဝလုံးဝိုင်းဝိုင်းရေး။

ကျောင်းကပြန်ရင်
ခဏနားလို့
ကစားကြမယ်ကွယ်။

အချိန်ပြည့်ပြီ
ရေချိုးစို့ 
ညစာစားမယ်လူစုံလို့ ။

အိမ်စာပြီးရင်
ပုံပြောမယ်
မျက်တောင်စင်းလို့ ရယ်။

အိပ်ရာထက်ဝယ်
ပုံ့ ပုံ့ လေး
ညီမလေးလည်း အိပ်ပြီလေး။ ။



ပြုံးပျော်ရွှင်နိုင်ကြပါစေ

ဂျေ

0 comments:

 
/* EOT ----------------------------------------- */