စာရေးသူ မြန်မာပြည်က ထွက်လာတော့ ဘာမျှ မချက်တတ်ပါဘူး။ အပြင်ရောက်တော့လည်း ကံကောင်းစွာ အလုပ်ရပါတယ် ပညာနဲ့ အလုပ်ရတဲ့ အတွက် သုံးနိုင်ပါတယ်။ အိမ်ရှင်တွေကလည်း ချက်တာ ခွင့်မပြုတာရယ် ဧည့်သည် လာခွင့်မပြုတာရယ်ကြောင့် အပြင်မှာဘဲ စားပါတယ်။ အိမ်ဆိုတာ အိပ်ဖို့  နားဖို့ တကိုယ်ရည် သန့် ရှင်းရေးလုပ်ဖို့ ဘဲရှိပါတယ်။
နောက် တနေရာရောက်တော့ ကျောင်းတက်ပါတယ် အဆောင်မှာ လူပေါင်းစုံနဲ့ တွေ့ ရပါတယ်။ မချက်တတ်တဲ့ စာရေးသူမှာ အခက်တွေ့ ပါတယ်။ အလုပ်ကလဲ ကျဘမ်းဆိုတော့ ၀င်ငွေ အလွန်နဲပါတယ်။ အပြင်မှာ မစားနိုင်တဲ့ အတွက် ချက်စားရပါတော့တယ်။
မြန်မာပြည်မှာ ကျားတွေဟာ စားပြီးရင်တောင် ပုဂံတောင်မဆေးကြပါဘူး။ မီးဖိုချောင်အလုပ် ဈေးဝယ်တဲ့ အလုပ်ဟာ သူတို့ နဲ့ မဆိုင်ဘူးလို့ သတ်မှတ်ပါတယ် ချက်ဖို့ ဆိုတာ ဝေလာဝေးပါ။ နိုင်ငံတကာက လူမျိုးအသီးသီးနဲ့  နေရတော့မှ အလွန်ကွာခြားတာ အံ့သြဘွယ်ရာ တွေ့ ရပါတယ်။
တရုတ်ပြည်က ကျားတွေဟာ မတွေ ထက် ပိုအချက်ပြုတ်ကောင်းကြပါတယ်။ အနောက်နိုင်ငံမှာ စားဖိုမှုးတွေ ဟာ ကျားတွေဘဲရှိပါတယ်။ ကိုးရီးယား ဂရိဆိုတာလည်း အချက်ကောင်းကြပါတယ်။ စာရေးသူ တို့  အဆောင်မှာ တရုတ်က လာတဲ့ သူတွေနဲ့  အုပ်စုဖြစ်ပြီး လူစုပြီး ချက်စားကြပါတယ်။ (အဲဒီမှာ ချက်နည်းသင်ရပါတယ်။ သူတို့ ရီးစားကောင်မလေးများ အား ချက်ပြုတ်ကျွေးကာ အချစ်ကို ဖေါ်ပြကြပါသည်။) သူတို့ က မြင်ဆရာပေါ့။ (ဘဲကင်နည်း၊တရုတ်ဟင်းများ) ကိုးရီးယားဆီက ကင်ချိုင်လို့ ခေါ်တဲ့ ချဉ်ဖတ်စိမ်နည်း တို့ တခြားဟင်းတွေ လေ့လာရပါတယ်။ ပါကစတန် အိနွိယ မလေးရှား တို့ ဆီက လည်း ချက်နည်း ပညာရပါတယ်။ ရှမ်းရိုးရာ စားသောက်ဖွယ်ရာကိုတော့ အရင် အတူနေဘူးတဲ့ အမကြီးများကို တအိမ်လုံးအတွက် ဒကာခံ ချက်ခိုင်းပြီး သင်ရပါတယ်။ အရာရာ လွယ်လွယ်နဲ့  မရခဲ့ဘူးပါ။
ကုလားစာများကို သိချင်သဖြင့် ကုလားများကို ခင်အောင်ပေါင်း ငွေကုန်ခံပေါင်း ပြီး သင်ရပါတယ်။ ဒါတောင် သူတို့ က ချက်နည်း မပြကြတာ ရှိပါတယ်။ နောက်ပိုင်း အင်တာနက်ကနေ နည်းပညာတွေ လေ့လာဆန်းစစ်ပြီး စမ်းလုပ်ကြည့်ပါတယ်။
အကယ်ရ်ျ ၀င်ငွေ ကောင်း အလုပ်ကောင်းလျှင် စာရေးသူ ချက်တတ်လာမည် မဟုတ်ပါချေ။ ယခုတော့ ရသမျှ ၀င်ငွေလေးဖြင့် အပြင်တွင် ၀ယ်မစားနိုင်ပါသောကြောင့် အချိန်ကုန်ခံ ချက်စားနေရခြင်း ဖြစ်ပါသည်။ တခါက ကုလားသူငယ်ချင်းတယောက် က ကျွေးသဖြင့် အိနွိယ စားသောက်ဆိုင်သို့ သွားကြပါသည်။ ပလာတာ ရသည်ဆိုရ်ျ ၀မ်းသာအားရ မှာလိုက်ပါသည်။
ွ
လာချသော ပလာတာကို စားမည်ဟု လှမ်းယူလိုက်သော အခါတွင် ..... ကျနော်စားချင်သော ရှားမီးပလာတာ ပဲပလာတာ သကြားပလာတာမဟုတ်ပါချေ...အလွန် စိတ်ပျက်ရပါသည်။ (ချာပါတီကို ပလာတာ ဟု တချို့ အိနွိယပြည်နယ် များ တွင်ခေါ်ကြောင်း သိရပါသည်။)
ကြက်သားဟင်းမှာလဲ နွားနို့ များရောချက်ထားသလား အောင်းမေ့ရပါသည်။ မည်သို့ မျှ စားမရပါ ။ နောက်ဆုံးငွေရှင်းသော အခါတွင် လူတယောက်စာ (ပလာတာ တပွဲ။ ကြက်သားဟင်းတပွဲကို ) ၄၀ကျပ် မျှ ကျသွားပါသည်။ (လစာမှာ တနာရီ ၄ကျပ်ဖြစ်ပါသည်။)
ထို့ ကြောင့် ထို့ ကြောင့် ... ဘိုင်ကျနေသော စာရေးသူ သည် စားချင်သမျှ ကို ကိုယ်တိုင် ချက်နေရပါကြောင်း .. စာရေးသူအား မှတ်ချက်လာပေးသော အင်တာနက် ကျားကလေးများ အား မင်းကုသ ပိုးနည်း၇မျိုး ထဲမှ ချက်ပြုတ်ခြင်း မှာလည်း အထာရသ ပညာတပါး (extension) ပါ ပေဘဲ ဟု သိစေလိုရင်း ချက်နည်း သင်ပေးသော သင်ဆရာ မြင်ဆရာ ကြားဆရာ ဖတ်ဆရာ အင်တာနက်ဆရာ များ ကို အထူးကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင် လိုက်ရပါသည်။
Saturday, November 24, 2007
Thank you Teachers
at 6:08 PM
Subscribe to:
Post Comments (Atom)
1 comments:
ကျွန်မလည်း ဟင်းကောင်းကောင်းချက်တတ်အောင် ကြိုးစားနေတာ ။ အခုအချိန်မှာတော့ အကုန်မချက်တတ်သေးဘူး :D
Post a Comment